ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)သံရုံးအကြီးအကဲများနှင့် အိန္ဒိယသံအမတ်ကြီးတို့၏အလုပ်သဘောညစာစားပွဲ လက်ခံကျင်းပ

(၂၂-၃-၂၀၂၄ ရက်၊ အော်တာဝါမြို့)
အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၁၉၀၀ နာရီတွင် အော်တာဝါမြို့၊ Fairmont Chateau Laurier ဟိုတယ်ရှိ Executive Boardroom ခန်းမ၌ အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများနှင့် ကနေဒါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Sanjay Kumar Verma တို့၏ အလုပ်သဘော ညစာစားပွဲကို လက်ခံကျင်းပခဲ့ပါသည်။
အလုပ်သဘောညစာစားပွဲတွင် မြန်မာသံအမတ်ကြီးက အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (CSP) အဆင့်သို့ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ရေကြောင်း(Maritime) နှင့် ပေါင်းစပ်ဆက်သွယ်ရေး(Connectivity) ကဏ္ဍ များအပါအဝင် အင်ဒို-ပစိဖိတ်ဆိုင်ရာအာဆီယံ၏သဘောထားအမြင် (ASEAN Outlook on the Indo-Pacific) ၏ ဉီးစားပေးနယ်ပယ်များအောက်မှ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယအနေဖြင့် အာဆီယံ၏အချက်အခြာကျမှုကိုအလေးထားလျက် ဆွေနွေးဖက်ဆက်ဆံရေးမူဘောင်အောက်မှ သာမက အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS) နှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) ကဲ့သို့ သော အာဆီယံဉီးဆောင်သည့်ယန္တယားများအောက်မှလည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အာဆီယံ သံအမတ်ကြီးများနှင့် အိန္ဒိယသံအမတ်ကြီးတို့က ပေါင်းစပ်ဆက်သွယ်ရေး၊ ပင်လယ်ရေကြောင်း၊ ပညာရေး၊ ဆိုက်ဘာလုံခြုံရေး၊ ညာဏ်ရည်တု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ဆက်သွယ်ရေးနည်းပညာ၊ ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အစရှိသည့်နယ်ပယ်များတွင် အာဆီယံနှင့်အိန္ဒိယ အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့်အခွင့်အလမ်းများနှင့် အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

20240408-09

20240408-09

20240408-09

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးနှင့် အလုပ်သဘောနေ့လယ်စာစားပွဲ လက်ခံကျင်းပ

(၇-၂-၂၀၂၄ ရက်၊ အော်တာဝါမြို့)

အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၄)ကြိမ်မြောက်အစည်းအဝေးကို အာဆီယံကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီး ဉီးဟောက်ခန့်ဆုမ်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ ၁၀၃၀ နာရီတွင် Royal Ottawa Golf Club ရှိ Founders ခန်းမ၌ လက်ခံကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကော်မတီလုပ်ငန်းအဖွဲ့၏အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ကော်မတီ၏အလှည့်ကျဥက္ကဌဖြစ်သူ မြန်မာသံအမတ်ကြီးက အစည်းအဝေးသဘာပတိ အဖြစ်ဆောင်ရွက်ပြီး၊ အစည်းအဝေးတွင် မြန်မာသံရုံးက (၂၅-၁-၂၀၂၄)ရက်နေ့၌ လက်ခံကျင်းပသည့် ကော်မတီလုပ်ငန်းအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများအပြင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများမှသံအမတ်ကြီး များနှင့် အလုပ်သဘောနေ့လယ်စာစားပွဲများ ကျင်းပပြုလုပ်ရေးကိစ္စအပါအဝင် မြန်မာသံရုံး၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များ၊ လက်ခံသည့်နိုင်ငံ၌ အာဆီယံ၏
အကျိုးစီးပွားနှင့် အာဆီယံ၏ပုံရိပ်တို့ကို ပိုမိုတိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ကနေဒါနိုင်ငံတို့အကြား အပြန်အလှန်လည်ပတ် ရန်ရှိသည့် အဆင့်မြင့်ကိုယ်စားလှယ်များ၏ခရီးစဉ်များ စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်းနှင့် အစည်းအဝေးအပြီးတွင် အာဆီယံကော်မတီ(အော်တာဝါ)၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

20240408-01

20240408-01

20240408-01

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

(၆-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

****************************

U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar

(6-2-2024, Nay Pyi Taw)
U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar, at 11:00 hrs on 6 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to UNHCR’s ongoing activities in Myanmar as well as ways and means for further cooperation between the Government of Myanmar and the UNHCR.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

20240404-25

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံ

(၅-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေး နှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီပေးရေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

*************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs

(5-2-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Mr. Sajjad Mohammad Sajid, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA), at 10:30 hrs on 5 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the facilitation for the provision of humanitarian assistance to the needy people in hard- to-reach areas and ways and means for cooperation between the Government of Myanmar and United Nations agencies in the field of humanitarian assistance.
Also present at the meeting were the senior officials from the Ministry of Foreign Affairs, Ms. Danielle Parry and Ms. Kyoko Ono, Deputy Heads of Office for UNOCHA.

20240404-27

20240404-27

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ

(၆-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အပါအဝင် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

***********************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross

(6-2-2024, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs received Ms. Elena Ajmone Sessera, Resident Representative of the International Committee of the Red Cross (ICRC), at 10:00 hrs on 6 February 2024, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to ICRC’s activities including the provision of humanitarian assistance in Myanmar.
Also present at the meeting were the senior officials from the Ministry of Foreign Affairs and Mr. Christophe Ami Leon Taramarcaz, Deputy Resident Representative of ICRC.

20240404-23

More Articles...

Subcategories

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.